Shea Butter

Posted by UStar Admin on

 Shea Butter ဆိုတာဘာလဲ?

Shea Butter ဆိုတာကတော့ shea tree ရဲ့အခွံမာသီးများကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ပူနွေးတဲ့အချိန်မှာ အစိုင်အခဲဖြစ်ပြီး အဖြူရောင် သို့မဟုတ် ဆင်စွယ်ရောင်ရှိပါတယ်။ 

Shea Butter ထဲမှာ ဗီတာမင်နှင့် ဖက်တီးအက်ဆစ်များ များစွာပါဝင်ပြီး အသားအရေကို ချောမွေ့စေတာကြောင့် အလှပြင်ပစ္စည်းအဖြစ် ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ အသားအရေကိုများစွာ အထောက်အကူပြုတာကြောင့် Shea Butter ကိုနေ့စဉ် Skincare Routine ထဲတွင် ထည့်သင့်ပါတယ်။

Shea Butter ရဲ့အားသာချက် (၅) ချက်

(၁) အရေပြားအမျိုးအစားအားလုံးအတွက် ဘေးကင်းပါတယ်။

Shea butter သည် သစ်ပင်အခွံမာထုတ်ကုန်အများစုနဲ့မတူဘဲ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပရိုတင်းဓာတ်တွေ အလွန်နည်းပါတယ်။အရေပြားခြောက်သွေ့စေသော ဓာတုပစ္စည်းမပါဝင်သည့်အပြင် ချွေးပေါက်များကို မပိတ်ဆို့စေတာကြောင့် မည်သည့်အသားအရေအမျိုးအစားနီးပါးအတွက်မဆို သင့်လျော်ပါတယ်။

 (၂) အရေပြားအစိုဓာတ်ကိုထိန်း​ပေးတယ်။

ပုံမှန်အားဖြင့် Shea butter ကို အစိုဓာတ်ထိန်းဖို့အတွက်အသုံးပြုပြီး Shea Butter ကိုလိမ်းတဲ့အခါမှာ ဆီတွေက အရေပြားထဲကို လျင်မြန်စွာ စိမ့်ဝင်သွားပါတယ်။ အစိုဓာတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကို လျှော့ချပေးပါတယ်။

 (၃) အသားအရေကို အဆီမပြန်စေဘူး။

Linoleum acid နဲ့ oleo acid တို့များစွာပါဝင်တာကြောင့် အဆီများကိုစုပ်ယူပေးပြီး အသားအရေကိုလုံးဝအဆီမပြန်စေပါဘူး။

(၄) မျက်နှာပေါ်ရှိအရေးအကြောင်းများသာမက အမာရွတ်နှင့်အကြောပြတ်ရာများကို လျှော့ချပေးတယ်။

ကော်လဂျင်ထုတ်လုပ်မှုနှင့်ဆဲလ်သစ်ထုတ်လုပ်မှုကို မြင့်မားစေတာကြောင့် အရေးအကြောင်းများ၊ အကြောပြတ်ရာများနှင့် အမာရွတ်များကိုလျှော့ချပေးတယ်။

(၅) ဝက်ခြံမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

Shea butter တွင် ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်တာကြောင့်  အဆီ (sebum) ကို ထိရောက်စွာရှင်းပေးပြီး အစိုဓာတ်ထိန်းပေးတာကြောင့် အရေပြားခြောက်သွေ့ခြင်း တို့ကိုလုံးဝမခံစားစေရပါဘူး။ဒါ့အပြင် Shea Butter သည် ဝက်ခြံမစတင်မီ ဝက်ခြံများကို ရပ်တန့်စေနိုင်ပါတယ်။

ဒါဆိုရင်တော့ Shea Butter ပါဝင်တဲ့ပစ္စည်းလေးတွေသုံးပြီး အစွမ်းကုန်လှလိုက်ကြစို့နော်။

📌 Shea Butter ပါဝင်တဲ့ Body Care ပစ္စည်းလေးတွေကတော့

Snail Magic Brightening Body Lotion (500ml), Gluta Glow Aura Serum (300g), 3D HYA Gluta White Body Serum (200ml)

📌 Shea Butter ပါဝင်တဲ့ UStar Make-up products လေးတွေကတော့

Goldberry Glowy Glow Shine Lip Palette #Glarine RedAngie Idol Duo Tint Balm, Smileyworld Preppy Lip Balm #Berry

 

 


Share this post



← Older Post