Retinol

Posted by UStar Admin on

 

Retinol သည် စျေးကွက်တွင်လူသိများသော အသားအရေထိန်းသိမ်းမှုပါဝင်ပစ္စည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Retinoids (Over The Counter) ဗားရှင်းဖြစ်တဲ့ Retinol သည် ဗီတာမင် A မှ ဆင်းသက်လာကာ အရွယ်ရောက်ပြီးသောသူများရဲ့ အသားအရေနှင့် ဝက်ခြံများကိုကုသရာတွင် အဓိကအားဖြင့် အသုံးပြုပါတယ်။

Retinol သည် အသားအရေထိန်းသိမ်းမှုဆိုင်ရာ အကျိုးကျေးဇူးများစွာရှိပါတယ်။ Retinol သည် သင်၏အသားအရေထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်တွင် အကျိုးပြုသော အပိုပစ္စည်းဖြစ်နိုင်သလား သိရှိနိုင်ရန် ဤအဓိကပါဝင်ပစ္စည်းအကြောင်း ပိုမိုလေ့လာလိုက်ရအောင်..

Retinolသည် ဘယ်လိုအလုပ်လုပ်လဲ?

Retinol သည် ဗီတာမင် A မှထုတ်လုပ်ထားသည့် Retinoid အမျိုးအစားပဲဖြစ်ပါတယ်။ Retinol နဲ့ ပေါင်းစပ်ထားတဲ့သေးငယ်သော မော်လီကျူးတွေဟာ epidermis (အရေပြားရဲ့ အပြင်ဘက်အလွှာ) ရဲ့ အောက်ကို နက်ရှိုင်းစွာဝင်ရောက်သွားပြီး သင့်အရေပြားဆီကိုရောက်သွားပါတယ်

အရေပြားအလယ်အလွှာတွင် Retinol သည် ဖရီးရယ်ဒီကယ်များကို ချေဖျက်ပေးပြီး elastin နှင့် collagen ထုတ်လုပ်မှုကို မြှင့်တင်ရန်ကူညီပေးပါတယ်။ နောက်ပြီး မျက်နှာအသွင်အပြင်ကိုလျှော့ချပေးနိုင်သော "pumping" effect ကိုလည်း ဖန်တီးပေးပါတယ်။

Retinol အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ?

  • Retinol ကိုအသုံးပြုခြင်းဖြင့်အပျော့စား ဝက်ခြံကို ကုသပေးပါတယ်
  • နေရောင်ခြည်ဒဏ်ကြောင့် သင့်အသားအရေပျက်စီးမှုအချို့ကို လျှော့ချပေးပါတယ်
  • မျက်လုံးတစ်ဝိုက်ရှိအရေးအကြောင်းများ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ဖြစ်ပေါ်လာသော မျက်နှာအသွင်အပြင်လက္ခဏာများကို လျှော့ချပေးပါတယ်
  • အရေပြားတစ်ခုလုံးရဲ့ အသွင်အပြင်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။

အရေးအကြောင်းများ၊ချွေးပေါက်ကျယ်ခြင်းများကိုလည်း ထိရောက်စွာလျှော့ချပေးနိုင်ပါတယ်။Retinol ကို တစ်ခါတစ်ရံ ဝက်ခြံအပြင်အမာရွတ်များကို ကုသရာတွင်အသုံးပြုသော်လည်း ဆေးညွှန်းအရ ဝက်ခြံမှတဆင့်ပြင်းထန်စွာရောင်ရမ်းခြင်းနှင့်ဘက်တီးရီးယားများကို အခြားဆေးဝါးများနှင့်အတူ Retinoid မှတဆင့် ကုသပေးပါတယ်။

Retinol သည် အရေပြား၏မျက်နှာပြင်ပေါ်ရှိ အရေပြားအသွင်အပြင်အပေါ်ယံလွှာကိုဖယ်ရှားပေးသည့်အာနိသင်ရှိပြီး ပိုမိုကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။

ကုသပေးသောအရာ

Retinol ကို အောက်ဖော်ပြပါ အရေပြားအခြေအနေများကို ကုသရန် အဓိကအသုံးပြုပါတယ်။ နေရောင်ကြောင့်ဖြစ်ပေါ်လာသော အစက်အပြောက်များနှင့် အသားအရေပျက်စီးခြင်းလက္ခဏာများမညီမညာသောအသားအရေ (melasma) နှင့် အခြား hyperpigmentation အမျိုးအစားများကိုလည်း ကုသပေးပါတယ်။

Retinol ပါဝင်သော အသားအရေထိန်းသိမ်းကာကွယ်ပေးတဲ့ပစ္စည်းများမှ အကောင်းဆုံးရလဒ်များရရှိရန် နေ့စဉ်သုံးကြည့်ပါက သိသာထင်ရှားသောတိုးတက်မှုများကို ရက်သတ္တပတ်ကြာလျှင်တွေ့ရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး

Retinol ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ အတည်ပြုထားသော်လည်း ဘေးထွက်ဆိုးကျိုးများမှ ကင်းစင်သည်ဟုမဆိုလိုပါ။

Retinol သုံးသူများသည် အထူးသဖြင့် ထုတ်ကုန်အသစ်တစ်ခုအသုံးပြုပြီးနောက် အရေပြားခြောက်သွေ့ပြီး နီမြန်းခြင်း ယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။ အခြားဘေးထွက်ဆိုးကျိုးများပါဝင်နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေရန် Retinol ကို ညတိုင်း သို့မဟုတ် သုံးရက်ဆက်တိုက်ညတိုင်း သုံးကြည့်ပါ ညစဉ်အသုံးပြုခြင်းကို လုပ်ဆောင်ပါ။ 

အရေပြားယားယံခြင်းကို ဆက်လက်ခံစားရပါက အရေပြားအထူးကုဆရာဝန်နှင့် ဆွေးနွေးရန်လိုအပ်ပါတယ်။ ဒါမှမဟုတ် ပိုကောင်းတာက Retinol ထုတ်ကုန်ကိုအသုံးမပြုခင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Retinols အသုံးပြုသူများသည် အသားအရေနဲ့မတည့်ပါက ၁ဝ ရာခိုင်နှုန်းထက်နည်းသော ဘေးထွက်ဆိုးကျိုးများကိုခံစားရနိုင်ပါတယ်။မျက်နှာသစ်ပြီး မိနစ် (၃ဝ) အကြာမှာ Retinol ကို လိမ်းပေးရင် အရေပြားယားယံတာကိုသက်သာစေနိုင်ပါတယ်။

Retinol ပါဝင်သော ထုတ်ကုန်တစ်မျိုးကို မျက်နှာသစ်ပြီးချိန်တွင် တချိန်တည်းအသုံးပြုပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်။ ထုတ်ကုန်အညွှန်းများကို ဂရုတစိုက်ဖတ်ပါအထူးသဖြင့် "အိုမင်းရင့်ရော်ခြင်း" သို့မဟုတ် ဝက်ခြံအတွက် Retinol ပါဝင်နိုင်ခြေပိုများသော ပေါင်းစပ်ထုတ်ကုန်များကို သင်အသုံးပြုနေပါက နေရောင်ခြည်ဒဏ်ခံရနိုင်ခြေရှိသောကြောင့် Retinol ကို ညဘက်တွင် လိမ်းပေးခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ သတိထားပေးပါ။

နေရောင်ခြည်နှင့်ထိတွေ့ခြင်းသည် Retinol ၏ခြောက်သွေ့ခြင်းနှင့် ယားယံခြင်းဆိုင်ရာအကျိုးသက်ရောက်မှုအချို့ကို ပိုဆိုးစေသည်ဟု အရေပြားကင်ဆာဖောင်ဒေးရှင်း၏အဆိုအရ သိရပါတယ်။နေရောင်နဲ့ထိတွေ့တာက အသက်အရွယ်အရဖြစ်ပေါ်တက်တဲ့ အစက်အပြောက်နဲ့ အရေးအကြောင်းတွေဟာ Retinol အသုံးပြုခြင်းကြောင့် တူညီတဲ့အကျိုးသက်ရောက်မှုရှိလို့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ထိုအန္တရာယ်များကို လျှော့ချရန်အတွက် အချိန်အကြာကြီး အပြင်ထွက်တဲ့အခါမှာ Retinol သုံးစွဲရန် စီစဉ်ရှိပါက သတ္တုဓာတ်အခြေခံထားတဲ့ SPF 15 အနည်းဆုံးပါဝင်သော စိတ်ချရတဲ့ နေရောင်ကာခရင်မ်ကို အသုံးပြုပေးပါ။

ကိုယ်ဝန်ဆောင်များလည်း Retinol ကိုရှောင်ရန် ယေဘုယျအားဖြင့် အကြံပြုထားပါသေးတယ် ဒါကြောင့်မို့ ကိုယ်ဝန်ရှိသည်ဟု ထင်ပါက (သို့မဟုတ်) မကြာမီကာလအတွင်း ကလေးယူရန် စီစဉ်နေပါက Retinol အကြောင်း ဆရာဝန်နှင့် ဆွေးနွေးပါ။

Retinol ကိုအသုံးပြုခြင်းသည် နှင်းခူနှင့် rosacea ကိုပိုမိုဆိုးရွားစေနိုင်ပါတယ် သင့်အရေပြားနဲ့ ဓာတ်မတည့်လို့ တစ်ခုခုဖြစ်လာပါက Retinol အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

ဘယ်အချိန်မှာ ဆရာဝန်ကို ဆက်သွယ်ရမလဲ?

Retinols များကို ဆေးစာမပါပဲရနိုင်သော်လည်း အသုံးမပြုမီ အရေပြားအထူးကုဆရာဝန်နှင့် ဆွေးနွေးရန် စဉ်းစားသင့်ပါတယ်ဆရာဝန်သည် သင်ရဲ့အရေပြားအခြေအနေ လိုအပ်ချက်ပေါ်မူတည်၍ကူညီပေးနိုင်ပြီး မှန်ကန်သော ထုတ်ကုန်များကိုသာ အကြံပြုပေးပါလိမ့်မယ်။

ဆေးညွှန်းဖော်မြူလာများအရ အမှန်တကယ်ပိုမိုအားကောင်းသော်လည်း အသားအရေနဲ့ဓာတ်မတည့်လျှင် ဘေးထွက်ဆိုးကျိုးများကအန္တရာယ်ပိုများပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပြီး အသုံးပြုပါ။ 

Retinol ၏အကျိုးရလဒ်များကိုမြင်ရန် မည်မျှကြာသနည်း?

Retinols အများစုအတွက်ရလဒ်များမြင်ရန် ရက်သတ္တပတ်အနည်းငယ်လောက်ကြာနိုင်ပါတယ်

၂ဝ၁၅ လေ့လာမှု Trusted Source တစ်ခုအရ Retinol ကို ၁၂ ပတ်ကြာအသုံးပြုသည့်ပါဝင်သူများတွင် အရေးအကြောင်းများ "သိသိသာသာလျှော့ချ" သွားတာကိုတွေ့ရှိခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ် မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ Retinol ကို ပတ်ကြာအသုံးပြုသူများတွင် မျက်လုံးတစ်ဝိုက်နှင့် လည်ပင်းတစ်ဝိုက် အရေးအကြောင်းများ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိခဲ့ပါတယ်။

    Retinol က သင့်အသားအရေကို ပျက်စီးစေနိုင်ပါသလား?

    Retinol ထုတ်ကုန်အများစုသည် ညွှန်ကြားထားသည့်အတိုင်း အသုံးပြုလျှင် ဘေးကင်းသော်လည်း ရေတိုအတွင်း ယားယံစေနိုင်သည့် ဘေးထွက်ဆိုးကျိုးအချို့ရှိပါတယ်။ ဤဘေးထွက်ဆိုးကျိုးများတွင် နေရောင်ကို sensitive ဖြစ်ပြီး ဓာတ်မတည့်၍ အသားအရေပျက်စီးသူ (ရှားပါး) နှင့် ခြောက်သွေ့သောအသားအရေရှိသူများတွင် ယားယံခြင်း သို့မဟုတ် ဓာတ်မတည့်တုံ့ပြန်မှုဖြစ်နိုင်ခြေရှိသောကြောင့် အရေပြားအထူးကုဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

    "အသုံးပြုစမ်းသပ်မှု" ပြုလုပ်ရန်လည်း အကြံကောင်းတစ်ခုပေးပါမယ်။

    မျက်နှာတစ်ပြင်လုံးကိုမလိမ်းခင်မှာ တုံ့ပြန်မှုမရှိဘူးဆိုတာကိုသေချာစေဖို့အတွက် Product ပစ္စည်းကို အနည်းငယ်လောက် လက်ဖျံမှာ ရက်အတော်ကြာလိမ်းထားကြည့်ပေးပါ။

    အဓိကအချက်

    Retinoids သည် အိုမင်းရင့်ရော်မှုနှင့် ဝက်ခြံထွက်လွယ်သော အသားအရေနှစ်မျိုးလုံးအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုများရှိသည်ဟု လူသိများသောကြောင့် Retinol သည် retinoids အနည်းငယ်ပုံစံတူဖြစ်တာကြောင့် လူအများစုအသားအရေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဆိုးကျိုးရလဒ်များကိုမတွေ့မချင်း လအနည်းငယ်ကြာ အဆက်မပြတ်အသုံးပြုနိုင်ပါတယ်။

    UStar မှ Retinol ပါ၀င်သော မည်သည့်ထုတ်ကုန်ကိုမျှ မထုတ်လုပ်ထားပါဘူး။ Retinol နှင့်ဆင်တူသော ကောင်းမွန်သောအကျိုးရလာဒ် နည်းလမ်းများဖြင့် စွမ်းဆောင်ပေးသော ဗီတာမင် B၊ ဗီတာမင် C၊ Hyaluronic AcidGlycolic Acid၊ Niacinamide၊ Alpha Hydroxy Acid အစရှိတဲ့ ပါဝင်ပစ္စည်းများအကြောင်းကို အလှအပဆိုင်ရာ ဗဟုသုတနှင့် အချက်အလက်များပိုမိုသိရှိနိုင်စေဖို့ UStar Blogs မှတဆင့် ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

     


    Share this post



    ← Older Post Newer Post →