HONEY

Posted by UStar Admin on

ပျားရည်သည် ပျားများမှထွက်ရှိကာ ပျားရည်၏သဘာဝပုံစံအတိုင်းကို ရာနှင့်ချီသော လက်တွေ့စမ်းသပ် အသုံးပြုမှုများလုပ်ဆောင်ခဲ့ပြီး အလှကုန်များတွင် အစွမ်းထက်သောပါဝင်ပစ္စည်းတခုအဖြစ်ဖန်တီးရန် အင်ဇိုင်း၊ အပင်ထွက်ပစ္စည်းများနှင့် သက်ရှိဘက်တီးရီးယားများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

ပျားရည်ကို exfoliants နှင့် cleansers မှ body lotion နှင့် face masks များအထိ အသားအရေထိန်းပစ္စည်း အမျိုးအစားအားလုံးတွင်တွေ့နိုင်ပါတယ်။ အသားအရေအမျိုးအစားအားလုံးနဲ့ အခြားပါဝင်ပစ္စည်းများဖြင့် ကောင်းမွန်စွာ ပေါင်းစပ်ထားသော သဘာဝပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး မည်သည့် skincare routine မှာမဆို ကောင်းမွန်ပြီးပြည့်စုံတဲ့ အကျိုးအာနိသင်ကိုပေးစွမ်းပါတယ်။

Lip balm, Suncream လိမ်းဆေးများကဲ့သို့ အလှအပဆိုင်ရာထုတ်ကုန်ပစ္စည်းအများအပြားမှာ ပျားရည် ပမာဏအမျိုးမျိုးပါရှိပြီးတော့ ပျားရည်က သဘာဝအစိုဓာတ်ထိန်းခရင်မ်ဖြစ်ပြီး အရေပြားအစိုဓာတ်ကို ထိန်းညှိပေးကာ နူးညံ့ပျော့ပျောင်းသောအသားအရေကို ဖန်တီးပေးပါတယ်။ အရေပြားဆဲလ်သေများကို ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။ 

ပျားရည်သည် အရေပြားပေါ်တွင် လိမ်းရန်အကောင်းဆုံးဖြစ်ပြီး ပျားရည်က သင့်မျက်နှာအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ သင့်အသားအရေအတွက် ဘယ်လိုအထောက်အကူပြုနိုင်တယ်ဆိုတာကို ဆက်လက်ပြီးတော့ဖတ်ရှုကြည့်လိုက်ရအောင်..

မျက်နှာအတွက် ပျားရည်အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

လှပစွာထုပ်ပိုးထားသော စက်ရုံထုတ် ပျားရည်ပုလင်းကိုဝယ်ယူရန် စွဲဆောင်မှုကို ရှောင်ရှားရန်မှာ ခဲယဉ်းသော်လည်း ကျန်းမာရေး၊ သန့်ရှင်းမှုနှင့် အရည်အသွေးအတွက် အသုံးပြုဖို့ရှာဖွေနေတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ပျားရည်မျိုးကွဲများစွာကိုသာ ရွေးချယ်သင့်ပါတယ်။ အဲ့လိုရွေးချယ်ခြင်းအားဖြင့် သင့်အား အရသာနှင့် ကျန်းမာရေးအကျိုးကျေးဇူးများကို အခြားသူများနှင့်မတူဘဲ အကောင်းဆုံးရရှိစေမှာဘဲဖြစ်ပါတယ်..

     ၁. Acacia ပျားရည်

     ၂. Alfalfa ပျားရည်

     ၃. Aster ပျားရည်

     ၄. ထောပတ်သီး ပျားရည်

     ၅. Basswood ပျားရည်

     ၆. Beechwood ပျားရည်

     ၇. ဘလူးဘယ်ရီ ပျားရည်

     ၈. Bluegum ပျားရည်

     ၉. Buckwheat ပျားရည်

     ၁ဝ. Clover ပျားရည်

     ၁၁. Dandelion ပျားရည်

     ၁၂. ယူကလစ်ပျားရည်

     ၁၃. Fireweed ပျားရည်

     ၁၄. Heather ပျားရည်

     ၁၅. သံတုံးပျားရည်

     ၁၆. Jarrah Honey

     ၁၇. Leatherwood ပျားရည်

     ၁၈. Linden Honey

     ၁၉. Macadamia ပျားရည်

     ၂၀. Manuka ပျားရည်

     ၂၁. လိမ္မော်ရောင် ပျားရည်

     ၂၂. Pinetree ပျားရည်

     ၂၃. Sourwood ပျားရည်

     ၂၄. Sage Honey

     ၂၅. Tupelo ပျားရည်

 ပျားရည်

အထူးသဖြင့် သင့်မှာ ဝက်ခြံ သို့မဟုတ် နှင်းခူ အရေပြားအခြေအနေများရှိပါက သင့်အရေပြားအတွက် အကျိုးပြုသော အာနိသင်အစိတ်အပိုင်းများပါ၀င်ပြီးတော့ Candida (မှိုပိုး) ကြီးထွားမှုကိုတောင် သင့်အရေပြားပေါ် ပျားရည်လိမ်းခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။

ပျားရည်အစိမ်းသည် သင့်အရေပြားပေါ်ရှိ ဘက်တီးရီးယားအညစ်အကြေးများကိုထိန်းချုပ်ရန် ကူညီပေးပြီး ဝက်ခြံအတွက် အသုံးပြုရန် အကောင်းဆုံးထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။ Manuka ပျားရည်သည် ဝက်ခြံကိုဆန့်ကျင်သည့် ထုတ်ကုန်တစ်ခုအဖြစ် လေ့လာထားပြီး အခြားသောနာမည်ကြီးထုတ်ကုန်များထက် သိသိသာသာ ပိုထိရောက်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ပျားရည်က သင့်အရေပြားဆဲလ်တွေရဲ့ အနာကျက်မှုကိုမြန်ဆန်စေပါတယ်။ သင့်မှာ အမာရွတ်များ သို့မဟုတ် နှင်းခူဖြစ်ပွားပါက ပိုးသတ်မထားသော ပျားရည်အစိမ်း(Manuka) သည် အနာကျက်မြန်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ Manuka ပျားရည်သည် ဒဏ်ရာများကို လျင်မြန်စွာကုသရာတွင် အလွန်ထိရောက်သောကြောင့် ယခုအခါ ဆေးခန်းများတွင် ဆရာဝန်များကအသုံးပြုနေကြပြီဖြစ်ပါတယ်။

ပျားရည်အစိမ်းသည် သဘာဝပျားအုံအလွှာအတိုင်း (exfoliator) မှရရှိနိုင်ပြီး သင့်မျက်နှာပေါ်သို့ လိမ်းပေးခြင်းဖြင့် မွဲခြောက်နေသောအသားအရေကို ဖယ်ရှားပေးပြီး အောက်ခံဆဲလ်အသစ်များကို ဖြစ်ပေါ်စေပါတယ်။

ပျားရည်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ

သင့်မျက်နှာကို ဆပ်ပြာအသုံးပြုပြီး ရေဖြင့်ဆေးကြောပြီးနောက် မန်နူကာပျားရည် သို့မဟုတ် သန့်စင်ထားသော ပျားရည်အစိမ်းတစ်မျိုးကို မျက်နှာပေါ်သို့လိမ်းပေးပါ။ ဒါမှမဟုတ် စေးကပ်မှုလျော့နည်းသွားအောင် မိမိကြိုက်နှစ်သက်သလို ပျားရည်ကိုသန့်စင်သောရေဖြင့် ရောမွှေပေးပါက မျက်နှာဆေးကြောရာမှာ လွယ်ကူစေပါတယ်။ လိမ်းပြီးလို့ မိနစ်အနည်းငယ်ကြာအောင်ထားပြီးပြီးဆိုရင် ပျားရည်ကိုရေဆေးချပြီးတဲ့နောက်မှာ အမာရွတ်များ သက်သာသွားတာကို မြင်တွေ့ရမှာပါ။ပျားရည်ကို မျက်နှာမှာလိမ်းတာက ရိုးရှင်းတဲ့နည်းလမ်းဖြစ်ပြီး တခြားနည်းလမ်းမျိုးစုံနဲ့လည်း လိမ်းနိုင်ပါသေးတယ်။

မျက်နှာပေါ်ရှိ ဝက်ခြံနှင့်နှင်းခူအတွက်

နာတာရှည်အရေပြားရောဂါများ သို့မဟုတ် အစက်အပြောက်များကုသရာတွင် ပျားရည်ကိုအသုံးပြုရန် မိနစ်အတော်ကြာအောင် ကပ်ထားရသော Mask ဖြင့် ပေါင်းစပ်ပြုလုပ်ပြီး ကုသနိုင်ပါတယ်။ အရေးကြီးဆုံးအချက်မှာ သန့်စင်ထားသောပျားရည်ဖြစ်သည့် မန်နူကာပျားရည်ကို အသုံးပြုရန်လိုအပ်ပါတယ်။ 

သင်အသုံးပြုသောပျားရည်တွင် ကျန်းမာသော သက်ရှိဘက်တီးရီးယားများ ထိရောက်စွာပါဝင်နေရန် အရေးကြီးပါတယ် ဒါကြောင့်လည်း ပျားရည်အစိမ်းကိုအသုံးပြုရန်အကြံပြုထားပြီး သင်ရဲ့အရေပြားခုခံအားစနစ်ကို ပိုမိုအားကောင်းစေလို့ ရောင်ရမ်းခြင်းနှင့် နီမြန်းခြင်းတို့ကို သက်သာစေတဲ့အပြင် အမာရွတ်များကိုလည်း ပျောက်ကင်းစေပါတယ်။

သင့်မျက်နှာအတွက် ပျားရည်ကိုအသုံးပြုဖို့ နောက်ထပ်နည်းလမ်းတခုမှာ အခြားပါဝင်ပစ္စည်းများနှင့်ရောစပ်ပြီး နုပျိုစေရန် Mask ပုံစံကပ်ပြီး ဖန်တီးကုသနိုင်ပါတယ်။ Mask ကပ်ပြီး ကုသတဲ့ပုံစံမပြုလုပ်ခင်မှာ ဓါတ်မတည့်မှုမဖြစ်စေဖို့အတွက် ပျားရည်နဲ့ အခြားပါဝင်ပစ္စည်းတွေကိုစမ်းသပ်မှုအရင်လုပ်သင့်ပါတယ်။

ဓာတ်မတည့်မှု သတိပေးချက်

ပျားရည်သည် လူအများစုတွင် ဓါတ်မတည့်မှုဖြစ်စေတာမျိုးတော့မရှိပါဘူး။ သင့်မှာ သိရှိထားသော ပျားရည်နဲ့ဓာတ်မတည့်မှုရှိပါက အောက်ပါကုထုံးများထဲမှ တစ်ခုခုကိုသတိဖြင့်အသုံးပြုသင့်ပါတယ်

  • ဝတ်မှုန်ကူးခြင်း (Pollen)
  • တရုတ်နံနံ (Celery)
  • ပျားအဆိပ် (Bee Venom)

ဓါတ်တည့်ခြင်းရှိမရှိသိစေရန် သင့်အရေပြားမှ သေးငယ်သောအစိတ်အပိုင်းတွင် အလှထုတ်ကုန်အသစ်များကို အမြဲစမ်းသပ်ပြီး အသုံးပြုကြည့်ပါ။ ပျားရည်နှင့်ပါဝင်သောအလှထုတ်ကုန်များမှာ ဓါတ်မတည့်မှုရှိပါက သင့်အရေပြားပေါ်တွင် ပျားရည်ကိုအသုံးပြုခြင်းအားရှောင်ကြဉ်သင့်ပါတယ်။ 

ပျားရည်အစိမ်းနှင့် သစ်ကြံပိုးခေါက်ရောစပ်မှုသည် အစွမ်းထက်သော antioxidant နှင့် antimicrobial ဂုဏ်သတ္တိကိုပေးစွမ်းတဲ့ ပေါင်းစပ်မှုပဲဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်ပျားရည်သုံးပုံတစ်ပုံကို သစ်ကြံပိုးခေါက်နှင့်ရောမွှေပြီး မိုက်ခရိုဝေ့ဖ်ဖြင့် အနည်းငယ်အပူပေးပြီးနောက် သင့်အရေပြားပေါ် လိမ်းပြီး (၈) မိနစ်မှ (၁၀) မိနစ်ခန့်ထားလိုက်ပါ။ ရေနွေးနွေးလေးသုံးပြီး ဆေးကြောပြီးပါက အရေပြားကိုခြောက်အောင်သုတ်လိုက်တာနဲ့ အသားအရေကိုကြည်လင်တောက်ပလာစေမှာပဲဖြစ်ပါတယ်။ (သစ်ကြံပိုးခေါက်နှင့် ဓါတ်မတည့်ပါက မသုံးပါနှင့်)

သုတေသီများက သင့်မျက်နှာပေါ်မှာ ပျားရည်အသုံးပြုခြင်းကြောင့် အမည်းစက်များမှေးမှိန်ပြီး တောက်ပစေတဲ့ဂုဏ်သတ္တိတိုက်ရိုက်ဆက်စပ်မှုကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ 

ဒါပေမယ့် ပျားရည်မှာ exfoliating ဂုဏ်သတ္တိတွေရှိတာကြောင့် သင့်မျက်နှာပေါ်မှာအသုံးပြုပါက အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် အသားအရေကို ပိုတောက်ပလာစေပါတယ်။

ပျားရည်က ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းအောင် ကူညီပေးနိုင်သည့်အပြင် သင့်ခန္ဓာကိုယ်မှ အနာများကျက်ဖို့ ကူညီပေးပါတယ်။ ပျားရည်ကို အမာရွတ်နှင့်အစက်အပြောက်ကုသဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ (အမာရွတ်ရှိတဲ့နေရာကို နေ့တိုင်းလိမ်းပေးနိုင်ပါတယ်) 

ပျားရည်က သင့်မျက်နှာကို အတောက်ပဆုံးနဲ့ အကြည်လင်ဆုံးဖြစ်အောင် ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကို သုတေသီတွေကရှာဖွေနေပါတယ်။ အသားအရေအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေမယ့် အကြောင်းပြချက်လည်း အနည်းငယ်သာရှိတဲ့အတွက် သင့်မှာဓာတ်မတည့်မှုမရှိသရွေ့ အသုံးပြုနိုင်ပါတယ်။

အလှကုန်ထုတ်လုပ်မှုများ

ဒါကြောင့် အလှကုန်ပစ္စည်းထုတ်လုပ်တဲ့အခါမှာ ပျားရည်အစိမ်းသည် အခြားပျားရည်အမျိုးအစားများထက် ဈေးပိုကြီးပါတယ်။ သင့်မျက်နှာအတွက် အခြားအသားအရေအလှကုန်များနှင့် နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ စျေးသက်သာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

နနွင်း၊ ပျားရည်နှင့် သံပုရာရောစပ်ထားသော Mask ဖြင့် မျက်နှာကိုတောက်ပစေခြင်း

နနွင်းနှင့် သံပုရာသီးက အသားအရေကို အံ့သြဖွယ်ကောင်းလောက်အောင် တောက်ပစေပါတယ်

နနွင်း (အစွမ်းဂုဏ်သတ္တိ - curcumin) သည် အရေပြားကို free-radical ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သော antioxidant ဂုဏ်သတ္တိများ ပါဝင်ပြီးတော့ သံပရာသီးမှာ ဗီတာမင် C မျှတစွာပါဝင်တာကြောင့် အမည်းစက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်

Mask(မျက်နှာကပ်) ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းအဖြစ် Manuka ပျားရည်, နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်) နှင့် သံပုရာဖျော်ရည်တို့ကိုရောမွှေပြီး မျက်နှာပေါ်တွင် (၁၀) မိနစ်လောက် မာကျောလာသည်အထိထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ 

သံလွင်ဆီနှင့် ပျားရည်ရောစပ်ထားသော Mask ဖြင့် မျက်နှာကိုတောက်ပစေခြင်း

အာဟာရဖြည့် Mask(မျက်နှာကပ်) အဖြစ် အသုံးပြုနိုင်ပြီး အလွန်ဇိမ်ကျတဲ့ခံစားမှုကိုရရှိစေမယ့် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

“သဘာဝအဆီထည့်တာက ပျားရည်ကိုစေးကပ်စေရုံသာမက လိမ်းလိုက်ရင် သဘာဝအဆီတွေက အရေပြားကိုစိုစွတ်စေပြီး နုပျိုစေမယ့်အက်ဆစ်တွေ မြင့်မားစွာပါ၀င်တဲ့အတွက် အသားအရေကိုချောမွေ့စေတယ်” လို့ မှတ်ချက်ပြုထားပါတယ်။ ရလဒ်အားဖြင့် antioxidants များ အပြည့်အ၀ပါဝင်တဲ့အတွက် အသားအရေကိုကျန်းမာစေပါတယ်။ သံလွင်ဆီအစား အုန်းဆီနှင့် Jojoba Oil ကိုလည်း ကြိုက်နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။

"သံလွင်ဆီသည် ခြောက်သွေ့သောအသားအရေအတွက် အထူးကောင်းမွန်တဲ့ ဗီတာမင် E ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်းပါဝင်ပါတယ်။” ပျားရည်နှင့် သံလွင်ဆီနှစ်ခုကိုသမအောင်ရောမွှေပြီး မျက်နှာပေါ်တွင် ပါးပါးလိမ်းကာ မိနစ် ( ၂ဝ ) လောက်ကပ်ထားလိုက်ပါ။

ဒိန်ချဉ်နှင့် ပျားရည်ရောစပ်ထားသော Mask ဖြင့် မျက်နှာကိုတောက်ပစေခြင်း

ဒိန်ချဉ်သည် အရေပြားဆဲလ်သေများကို လွယ်ကူညင်သာစွာဖယ်ရှားပေးသည့် လက်တစ်အက်ဆစ်ဖြစ်ပြီး အထိခိုက်မခံသော အရေပြားများအတွက်လည်း ခွင့်ပြုထားသော ဓာတုဗေဒပစ္စည်းတစ်မျိုးဘဲဖြစ်ပါတယ်

လက်တစ်အက်ဆစ်တွင် ယိုစိမ့်မှုရှိသောကြောင့် ပျားရည်နှင့် ရောမွှေလိုက်တဲ့အခါ ပိုနူးညံ့ပြီး ရေဓာတ်ပြည့်ဝလာပါတယ်။ ဂျုံမှုန့်အစိမ်း (oatmeal) - ထမင်းစားဇွန်း (၁) ဇွန်းစာရယ် Manuka ပျားရည်နှင့် အဆီအပြည့်ပါတဲ့ နို့ထွက်ပစ္စည်း (သို့မဟုတ်) ဒိန်ချဉ်ကို စေးကပ်လာသည်အထိမွှေပြီး ပါးပါးလေးလိမ်းကာ (၁၅) မိနစ်ခန့် ကပ်ထားလိုက်ပါ။

 

ကဲ အသားအရေအတွက် အကောင်းမွန်ဆုံးအာနိသင်ကိုပေးစွမ်းတဲ့ ပျားရည်အကြောင်းကို လေ့လာပြီးသွားပြီဆိုတော့  UStar မှ နောက်ထပ်မျှဝေပေးသွားမယ့် Beauty Knowledge လေးတွေကိုလည်း ဆက်ပြီးစောင့်ကြည့်ပေးဖို့မ‌မေ့နဲ့နော်


Share this post



← Older Post Newer Post →