PANTHENOL

Posted by UStar Admin on

Panthenol သည် ဗီတာမင် B-5 ဟုလည်းလူသိများသော pantothenic acid မှ ပြုလုပ်ထားသည့် ဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။ အလှကုန်ထုတ်လုပ်သူများသည် panthenol ကို အစိုဓာတ်ထိန်းပစ္စည်းအဖြစ် အသုံးပြုလေ့ရှိပါတယ်။ အသားအရေကို နူးညံ့သက်သာစေပြီး ယားယံမှုကိုဆန့်ကျင်တဲ့ပစ္စည်းအဖြစ် အလှကုန်တော်တော်များများမှာ ပါ၀င်ပါတယ်။ အရေပြားယားယံခြင်းနှင့် ရေဓာတ်ဆုံးရှုံးခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကျန်းမာသောအစားအစာ၊ အသားအရေနှင့် ဆံပင်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် B-5 မှ panthenol သည် ဆင်းသက်လာပြီး လိမ်းဆေးများနှင့် သန့်စင်ဆေးများကဲ့သို့သော အရေပြားထိန်းသိမ်းပေးသည့်ပစ္စည်းအများအပြားမှာ ပါဝင်ရတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။ နှုတ်ခမ်းနီ၊ Foundation သို့မဟုတ် mascara ကဲ့သို့သော အလှကုန်များမှာလည်း တွေ့နိုင်ပြီးတော့ Panthenol သည် အင်းဆက်ပိုးမွှားကိုက်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ivy နှင့် diaper rash တို့ကို ကုသရန်ပြုလုပ်ထားသည့် ခရင်မ်များတွင်လည်း အသုံးပြုကြပါတယ်။

ခြုံငုံပြီးတော့ပြောရရင် သင့်အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်ပါ သင်ပိုင်ဆိုင်သည့် ထုတ်ကုန်များ၏ ပါဝင်ပစ္စည်းများစာရင်းမှာ panthenol ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Panthenol သည် အစားအစာ၊ ဖြည့်စွက်စာများနှင့် အမျိုးမျိုးသောတစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ထုတ်ကုန်များတွင်လည်း ပါဝင်တက်ပါတယ်။ အရက်နှင့် ဓာတုဖွဲ့စည်းပုံ တူညီပြီး သင့်အသားအရေနှင့် ဆံပင်ကို အတွင်းပိုင်းမှရေဓာတ်ဖြည့်ပေးသော အစားအသောက်ပုံစံနှင့် အပြင်ပိုင်းမှ ချောမွေ့စေသော လိမ်းဆေးပုံစံအဖြစ် ကူညီထောက်ပံ့ပေးပါတယ်။

သို့သော် တစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များတွင် panthenol သည် သင်နှင့် သင့်မိသားစုအတွက် ဘေးကင်းနိုင်လား? Panthenol သည် အလှကုန်အများအပြားတွင် ဘာကြောင့်ပါဝင်တယ်ဆိုတာကို သိရှိဖို့အတွက် ဆက်လက်ဖတ်ရှုပြီး သင့်ခန္ဓာကိုယ်ကို မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို အချက်အလက်များဖြင့် နားလည်သွားအောင်ပြောပြပေးသွားပါမယ်။

Panthenol ဆိုတာဘာလဲ?

Panthenol သည် ဗီတာမင် B-5 ဟုလည်းလူသိများသော pantothenic acid မှထုတ်လုပ်ထားသော ဓာတုပစ္စည်းဖြစ်ပါတယ်။

အော်ဂဲနစ်မှဖြစ်ပေါ်လာပြီး အပင်နှင့်တိရစ္ဆာန်အရင်းအမြစ်နှစ်မျိုးလုံးမှလည်း ထုတ်လုပ်နိုင်ပါတယ်ကမ္ဘာတစ်ဝှမ်းရှိ အလှကုန်အမျိုးမျိုးတွင် ဖြည့်စွက်စာအဖြစ်အသုံးပြုပြီး အများစားသုံးသော အစားအစာအရင်းအမြစ်များစွာတွင် ပါဝင်သောကြောင့် pantothenic acid သည် အခုအချိန်မှာ သင့်အနီးပတ်ဝန်းကျင်မှာရှိပါတယ်။ ဒါ့အပြင် သင်သည် ပြီးခဲ့တဲ့ (၂၄) နာရီအတွင်း panthenol ဖြင့် အလှကုန် (သို့မဟုတ်) တစ်ကိုယ်ရည် စောင့်ရှောက်မှုထုတ်ကုန်ကို အသုံးပြုခဲ့ကောင်းပြုနိုင်ပါတယ်။ Panthenol သည် အခန်းအပူချိန်တွင် အဖြူရောင်အမှုန့် သို့မဟုတ် ဖောက်ထွင်းမြင်ရသော အဆီပုံစံတွ့ရတက်ပါတယ်။ တခါတရံတွင် panthenol အပါအဝင် ပါဝင်ပစ္စည်းများစာရင်းတွင် အောက်မှာဖော်ပြထားသော အခြားအမည်များဖြင့် သင်တွေ့ရပါလိမ့်မယ်..

Dexpanthenol

D-pantothenyl alcohol

Butanamide pantothenic acid (အရက်များတွင်ပါဝင်သော)

Nalog provitamin B-5(panthenol) (ခန္ဓာကိုယ်ထဲသို့ စုပ်ယူပေးသော အလှကုန်တွင်ပါဝင်သော)

 

 

ဘာအတွက်သုံးတာလဲ?

National Center မှ Biotechnology Information အရ panthenol သည်  ရောင်ရမ်းမှုကို ဆန့်ကျင်သောဂုဏ်သတ္တိရှိပြီး အရေပြားကာကွယ်မှုပစ္စည်းအဖြစ် စာရင်းပြုစုထားပါတယ်။

အရေပြားရဲ့ ရေဓာတ်အားနည်းမှုနှင့် ချောမွေ့သောအသွင်အပြင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အရေပြား နီမြန်းရောင်ရမ်းခြင်းကို သက်သာစေပြီး ပိုးကောင်ကိုက်ခြင်း၊မုတ်ဆိတ်ရိတ်ခြင်းမှဖြစ်တက်သော ဒဏ်ရာအနည်းငယ် သို့မဟုတ် အနာများအတွက်အသုံးပြုနိုင်ပါတယ်။ Panthenol သည် အနာကျက်စေသည့်အပြင် နှင်းခူကဲ့သို့ အခြားသော အရေပြားယားယံခြင်းများကိုလည်း ကူညီပေးပါတယ်။ ဆံပင်အတွက်ထုတ်လုပ်သည့် ထုတ်ကုန်များတွင်လည်း သင့်ဆံကေသာကို တိုးတက်ကောင်းမွန်စေသော အစွမ်းသတ္တိကြောင့် panthenol ပါဝင်ပါတယ်။ တောက်ပခြင်း၊ နူးညံ့ခြင်း၊ ခွန်အားပေးခြင်း၊ အစိုဓာတ်ကို ထိန်းထားပေးခြင်းကြောင့် သင့်ဆံပင်ကိုစတိုင်လ်ကျစေခြင်း သို့မဟုတ် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုများကြောင့် ဆံသားပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ယုံကြည်ရတဲ့အရင်းအမြစ်တစ်ခုက လေ့လာမှုတစ်ခုအရ panthenol သည် ဆံပင်ပါးလွှာခြင်းရဲ့အသွင်အပြင်ကို နှေးကွေးစေပြီး ဆံသားဖုံးကွယ်ရာမှာ ကူညီပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အခြားသော တက်ကြွပါဝင်ပစ္စည်းများဖြင့် စမ်းသပ်ခဲ့ရာ နောက်ထပ်လေ့လာမှုများအရ ပျက်စီးဆုံးရှုံးခြင်းကိုကုသပေးပြီး လက်သည်းအတွက် ထုတ်ကုန်အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ သင့်ဆံပင်ကဲ့သို့ လက်သည်းများကို keratin ပရိုတင်းများဖြည့်စွက်ပေးသောကြောင့် panthenol သည် သင့်လက်သည်းများနှင့် ခြေသည်းများကို အားကောင်းစေနိုင်ကြောင်းဖော်ပြထားပါတယ်။

သင့်ရဲ့တောက်ပမှုနှင့် လက်သည်းအားကောင်းစေသောကုသမှုများတွင် ခရင်မ်များနှင့် cuticle အဆီများတွင် panthenol ကိုတွေ့နိုင်ပါတယ်။ Panthenol ကို လက်သည်းပေါ်တွင် လိမ်းပေးခြင်းသည် လက်သည်းများကို ရေဓာတ်ဖြည့်ပေးပြီး ကွဲအက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Panthenol သည် အန္တရာယ်ကင်းပါသလား?

US Food and Drug Administration (FDA) နှင့် European Commission on Cosmetic Ingredients နှစ်ခုစလုံးက panthenol ကို အလှကုန်များတွင် အသုံးပြုရန်အတည်ပြုထားပါတယ်။

အရေပြား၊ ဆံပင်နှင့် လက်သည်းများအတွက် လိမ်းဆေးအဖြစ်ရော ဖြည့်စွက်စာအဖြစ်ရော အသုံးပြုရန် ကျယ်ပြန့်စွာ အကျိုးပြုသည်ဟုယူဆပြီး "ဘေးကင်းဖွယ်" ဟု သတ်မှတ်ထားပါတယ်။ ဆိုလိုသည်မှာ panthenol က အန္တရာယ်ဖြစ်စေသော ထင်ရှားသည့်အထောက်အထားမရှိပါဘူး။ Panthenol သည် အရေပြားဆိုင်ရာ ပြဿနာများစွာအတွက် အထောက်အကူဖြစ်ကြောင်း သက်သေအထောက်အထားများစွာရှိပါတယ်။

သို့သော် အလှကုန်များတွင်ပါဝင်သော panthenol ပမာဏသည် ကျွန်ုပ်တို့ရဲ့ အစားအစာများတွင်ပါဝင်သော ဗီတာမင် B-5 ပမာဏထက်မြင့်မားသောကြောင့် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူသည့်အခါ ထိခိုက်မှုမဖြစ်သင့်ကြောင်း CIR မှ မှတ်ချက်ပြုထားပါတယ်။ ဒါကြောင့်မို့  panthenol ကို လိမ်းဆေးအဖြစ် စနစ်ပိုင်းဆိုင်ရာပြဿနာများဖြစ်စေသည်ဟု ထင်ရှားသောအထောက်အထားမရှိပါဘူး။

သင်သည် ထုတ်ကုန်တစ်ခုကို သုံးရန် မသုံးစွဲရန် ဆုံးဖြတ်သည့်အချိန်တိုင်း ဘေးထွက်ဆိုးကျိုးများအန္တရာယ်နှင့် ဆန့်ကျင်ဘက်အကျိုးကျေးဇူးများကို ချိန်ဆသင့်ပါတယ်။ ပြီးတော့  panthenol  မှာ အပျက်သဘောဆောင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အရမ်းနည်းပါးပါတယ်။ အဆုံးသတ်အနေနဲ့ သင်သည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်ပြီးသူဖြစ်တယ်ဆိုရင်တော့ panthenol ပါဝင်သောထုတ်ကုန်တစ်ခုကိုအသုံးပြုရန် စဉ်းစားမည်ဆိုပါက စိုးရိမ်စရာမရှိပါဘူး။

အသားအရေအတွက် အထောက်အပံ့ပေးသော panthenol အနည်းငယ်ပါဝင်သည့် UStar Product များကိုလည်း ကြိုက်နှစ်သက်ရာရွေးချယ်ပြီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်..

CBD Concentrate Serum in Cream / 3D HYA Gluta White Body Serum / Total Miracle Nourishing Essence / Goldberry Simplify Fox Tail Mascara / The Cleansing Gentle Exfoliating


Share this post



← Older Post Newer Post →