About Us

       UStar (Thailand) Co., Ltd ကို အလှကုန်ပစ္စည်းထုတ်လုပ်မှုတွင် နှစ်ပေါင်းများစွာအတွေ့အကြုံရှိသည့်  (Milott Laboratories) နှင့် Entertainment (Grammy Thailand) တို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ UStar Brandဟာထိုင်းနိုင်ငံရဲ့ ထိပ်တန်းအလှကုန်တွေထဲက တစ်ခုဖြစ်ပြီး UStar Products တွေကို Milott Laboratories ကနေထုတ်လုပ်ထားတာပါ။ Milott Laboratories ကို 1989 ခုနှစ်တုန်းကထိုင်းနိုင်ငံမှာစတင်တည်ထောင်ခဲ့ကာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်မှုစနစ်နဲ့ အရည်အသွေးရှိပြီး GMP, ISO9001, IEC 17025 အစရှိတဲ့ လက်မှတ်များရရှိထားတဲ့အပြင် ကမ္ဘာအနှံ့ တစ်ခြား Cosmetics Brands တွေကိုလည်းထုတ်လုပ်ပေးလျက်ရှိတာဖြစ်ပါတယ်။

       ထိုင်းနိုင်ငံအတွင်းမှာတော့ လက်လီလက်ကားအပြင် Personal Care Stores, Convenient Stores, Supermarket, Hypermarket တွေကနေဖြန့်ဖြူးရောင်းချလျက်ရှိပြီး  Cambodia, Malaysia, Laos, China နဲ့ Myanmar နိုင်ငံတို့ကိုပါတင်သွင်းနေပြီဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာတော့ 2020 ခုနှစ်ကနေစပြီး Oriental Gateway Company Limited ကနေ UStar ထုတ်ကုန်များကို မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသောကိုယ်စားလှယ်အနေနဲ့ တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ 

       UStar (Thailand) Co.,Ltd was established in 2002 by partnership between expertise in cosmetics (Milott Laboratories) and entertainment (Grammy Thailand). UStar offers a wide range of innovative beauty products, over 1000 items including personal care, skin care, hair care, color cosmetics and fragrances. All products are strictly manufactured under world class manufacturing facilities with GMP, ISO9001 and IEC 17025 Certificate. Since 2020, Oriental Gateway Company Limited is the sole distributor of UStar products in Myanmar.