Glycolic Acid

Posted by UStar Admin on

Glycolic acid ၏ အဓိက အားသာချက်မှာ ကုသခြင်းကို ပိုလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ပါဝင်ပစ္စည်းသည် အဆီပြန်ခြင်းမရှိပဲ ချွေးပေါက်များထွက်ခြင်း ၊ မွဲခြောက်ခြင်း၊ အရေးအကြောင်းများနှင့် အရေပြားအိုမင်းရင့်ရော်ခြင်း လက္ခဏာများကို ဖယ်ရှားပေးနိုင်ပါတယ်။


Glycolic acid သည် ကြံမှဆင်းသက်လာသော Alpha-Hydroxy Acid (သို့မဟုတ် AHA) အမျိုးအစားဖြစ်ပြီး ၎င်းသည် အခြားအက်ဆစ်များဖြစ်သည့် လက်တစ်အက်ဆစ် (နို့ချဉ်မှရရှိပြီး)၊ တာတာရစ်အက်ဆစ် (စပျစ်သီး), sugarcane (ကြံ) နှင့် citric acidမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။


ဒါပေမယ့် ထူးခြားတာက “AHAs တွေထဲမှာ Glycolic က သေးငယ်ဆုံး အရိုးရှင်းဆုံးဖြစ်ပြီး ၎င်းတွင် အနိမ့်ဆုံး မော်လီကျူးအလေးချိန် ရှိသည်” ဟု နယူးယောက်စီးတီးရှိ Union Derm မှ အရေပြားအထူးကု ဆရာဝန် Kenneth Howe က ပြောထားပါတယ်။ သေးငယ်သော မော်လီကျူးအလေးချိန်သည် “သင့်အရေပြားကို ထိုးဖောက်ဝင်ရောက်ရန် လွယ်ကူပြီး အလွန်ထိရောက်မှုရှိသည်” ဟု NYC ရှိ Heyday မှ အရေပြားကုထုံးပညာရှင် Alix Shapiro က ပြောထားပါသေးတယ်။

Glycolic acid က သင့်အသားအရေအတွက် ဘာတွေလုပ်ဆောင်ပေးလဲ?


Glycolic acid အကျိုးကျေးဇူးများနှင့်ပတ်သက်လာလျှင် ပထမနှင့် အရေးအကြီးဆုံးအချက်ကတော့ exfoliant ဖြစ်ပြီး ၎င်းသည် အရေပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး stratum corneum (အရေပြား၏ အပြင်ဘက်ဆုံးအလွှာ) တွင် လုပ်ဆောင်ခြင်းဖြင့် အောက်ခံပိုမိုတောက်ပသော အလွှာအသစ်များကို ဖော်ထုတ်ပေးပါတယ်။ “သာမန် ပကတိအတိုင်းရှိနေတဲ့ corneum မှာ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတဲ့ အရေပြားဆဲလ်သေတွေရဲ့ အလွှာတွေပါရှိပါတယ်” ဟု ဒေါက်တာ Howe ကဆိုပါတယ်။ "Glycolic acid သည် ဤချည်နှောင်မှုကို ဖြေလျော့ပေးပြီး ပျော်ဝင်ခြင်းဖြင့် ကြမ်းတမ်းသော အရေပြားဆဲလ်သေအလွှာများကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။

Glycolic acid သည် အလွန်သေးငယ်သောကြောင့် သင့်အရေပြားအတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်နိုင်ပြီး ပြင်းထန်သောအလုပ်အချို့ကို လုပ်ဆောင်ပေးပါတယ်။ Glycolic acid သည် Collagen ပမာဏ တိုးလာစေရန် အရေပြားအတွင်းရှိ fibroblasts များကို လှုံ့ဆော်ပေးသည်” ဟု ဒေါက်တာ Howe ကဆိုပါတယ်။ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်းဖြင့် အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းများကို လျော့နည်းစေသောကြောင့် "သင့်ရဲ့အသားအရေက ပိုချောမွတ် ပိုတောက်ပပြီး ညီညာနေမည်" ဟု Alix Shapiro က ဆိုထားပါတယ်။

သင့်အသားအရေထိန်းသိမ်းမှုအတွက် Glycolic Acid ကို မည်သို့အသုံးပြုမလဲ?

အရေပြားဆဲလ်သေများကို ဖယ်ရှားပေးသောကြောင့် ထိခိုက်လွယ်သော အသားအရေ သို့မဟုတ် ယားယံမှုဖြစ်နိုင်ချေရှိသောအသားအရေများအတွက် အသုံးပြုဖို့အကောင်းဆုံးပါပဲ။ မျက်နှာသစ်, Toner နှင့် Skin Care များမှာလည်း အသုံးပြုနိုင်ကြောင်း အကြံပြုထားပါတယ်

Salicylic Acid သည် ဆယ်ကျော်သက်အသားအရေ ဝက်ခြံအရေပြားအတွက်ဖြစ်ပြီး Glycolic acid သည် အရွယ်ရောက်ပြီး/သက်ကြီးပိုင်းအသားအရေအတွက်  အသုံးပြုနိုင်ပါတယ်။ UStar Product များတွင် Glycolic Acid အနည်းငယ်ပါဝင်သော  Anti-Melasma Brightening CreamAdvanced Extra Repair Serum ၊ CBD Concentrate Serum in Cream အစရှိတဲ့ ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်


Share this post



← Older Post Newer Post →