Winter Looks with Fresh Up Collection

Posted by UStar Admin on


ကျွန်မရဲ့ အကြိုက်ဆုံး USTAR Fresh up Series (A Soft Makeup For WINTER)
ကဲ အသဲတို့ မတွေ့တာကြာပြီနော်။အခုကျွန်မက Winter LOOKS လေးကိုဆယ်ကျော်သက် ကောင်မလေးလိုပြင်ပြပေးသွားမှာဖြစ်ပြီး Fresh Up Series တစ်ခုလုံးစီက ပစ္စည်းတစ်မျိုးစီကိုရှင်းပြရင်း Review လုပ်ပေးသွားမှာဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ Packaging နဲ့အတူ သယ်ရလွယ်ကူသောအိတ်ဆောင်ဆိုဒ်လေးမလို့ ဘယ်နေရာမှာမဆိုသယ်သွားပြီးထုတ်ပြင်လို့ရတာပေါ့။ အဲ့တော့ကျွန်မတို့လို ခရီးခဏခဏထွက်တတ်သူတို့အတွက်က ပိုအဆင်ပြေတာပေါ့နော်။ 

ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Extracts ကလည်း Fruit Extracts မလို့ အနံ့လေးတွေကချိုပြီး Texture ကောင်းတယ်လို့ ပြောလို့ရတယ်။ ကျွန်မပြင်ရင်းနဲ့ ခံစားရတဲ့ Feeling ကိုတော့ အောက်မှာတစ်ခုစီပြောပြပေးသွားမယ်နော်။

"ကြာတယ်ကွာ~ ခုပဲကြည့်လိုက်ကြရအောင်" 

Fresh Up Brightening Compact Foundation SPF25 PA++ 

ပေါ့ပေါ့ပါးပါးမိတ်ကပ်အတွက်ကတော့ခုပြထားတာလေးက တကယ်ကွက်တိပါပဲရှင်။
တကယ်တော့ ဒီပစ္စည်းမှာ Melting Texture ပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှ နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားပြီး အသားအရေကို တင်းရင်းစေရန် ကူညီပေးတယ်လေ။ အချိန်အားဖြင့်လဲ ကြာရှည်ခံနိုင်ရည်ရှိတယ်။ 
ရေစိုခံပြီး ချွေးစိုလည်းခံပါတယ်။



ဒီမိတ်ကပ်ဘူးမှာ အလွှာ ၂ ခုပါရှိပါတယ်။
ဖွင့်လိုက်တာနဲ့ မှန်ကိုမြင်ရမှာဖြစ်ပြီးမိတ်ကပ်သားညှပ်ညှပ်လေး‌ပါမြင်ရမှာပါ။။ အောက်ခြေအလွှာသည် sponge puff ပါ။ Vent နှင့် စိုစွတ်နေအောင် မလိမ်းပါနဲ့။
အမှုန့် Shade ကတော့ Natural Beige ဖြစ်ပြီးမျှတသောအသားအရေအတွက်အလွန်သင့်လျော်သောအရောင်ဖြစ်စေတယ်လေ။
နူးညံ့တဲ့ puff powder နဲ့ ပါ၀င်ပြီး အသားအရေကို ထိထိရောက်ရောက် ချောမွေ့စေမှာပါ။



ဖုံးကွယ်ရာမှာ အတော်လေး ကူညီပေးတယ်ဆိုတာ သိသာပါတယ်။
အရောင်က အဖြူရောင်မကျ ပုလဲရောင် မကျလေးပေါ့။ အရေးအကြီးဆုံးက ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ အသားအရေလေးကိုအရမ်းကြိုက်တယ်။




USTAR Fresh Up Eye Blusher Palette

ဒုတိယတစ်ခုကတော့ Palette ပါ။ ချစ်စရာ blush အရောင်ဖြစ်ပြီး Shades 5 ရောင်တောင်ပါတယ်လေ။ apricot နှင့် သလဲသီးတို့မှ သဘာဝအတိုင်း ထုတ်ယူထားပါတယ်ရှင်။

ချစ်ဖို့ကောင်းတဲ့ Packaging Style နဲ့ ဘူးလေးကအိတ်ဆောင်မလို့ သယ်ရလွယ်ကူတယ်။ ပြီးတော့ အဲဒါအားလုံးကိုတစ်ခုထဲမှာ ပြီးပြည့်စုံစေတယ်လေ။ အပေါ်ဆုံးအလွှာမှာ eyeshadow 4 ရောင်တွေ့ရမှာပါ။ အောက်ဆုံးအလွှာက နူးညံ့ပျော့ပျောင်းသော ပါးနီလေ။ ပျော့ပျောင်းသော texture ကဖြတ်ရလွယ်ကူစေတယ်လေ။




USTAR Fresh Up Velvet Lipstick

U Star Fresh Up Velvet Lipstick က ကတ္တီပါနှုတ်ခမ်းနီပါ။ သဘာဝမှရရှိသောဆိုးဆေးများနှင့် သစ်သီးများမှ ထုတ်လုပ်သဖြင့် ရနံ့မွှေးမွှေးလေးနဲ့ဆိုးရတာ So Good.. စုစုပေါင်း အရောင် 2 ရောင်ရှိပါတယ်။ #01 Yuzu နှင့် #02 Apple

အသီးအနှံများနှင့် သဘာဝအပင်များမှထုတ်လုပ်ထားသဖြင့် နှုတ်ခမ်းသားကို နူးညံစေတယ်လေ။ အရောင်က ကြည်လင်ပြီး အတိုင်းအတာတစ်ခုအထိ ကြာရှည်ခံပါတယ်။

နှုတ်ခမ်းသားအရမ်းခြောက်ရင် Lip Gloss ဖြင့် အာဟာရဖြည့်ရန် အကြံပြုပါရစေ။ နှုတ်ခမ်းသားကို နူးညံ့ချောမွေ့စေဖို့ Lip Gloss ဖြင့်အရင်ဆုံး ဆိုးပေးပါ။ နှုတ်ခမ်းနီ ဆိုးရတာ ပိုလွယ်ကူစေမှာပါ။

ကျွန်မရဲ့နောက်ဆုံး Final Look လေးပါရှင်။ 

Click here to shop online


Share this post



← Older Post Newer Post →