Honest review By Hsu Htet Thadar

Posted by UStar Admin on

Noe အခုတလော အရမ်းအရမ်းကို အကြိုက်တွေ့နေတဲ့ DD Cream လေးအကြောင်း ပြောပြချင်လို့😍
သူက U Starကထုတ်တဲ့ Super Magix DD+Primer လေးပါ🌟
Noe က makeup ဆို အထူကြီးတွေလိမ်းရတာမကြိုက်ဘူး foundation ဆိုလဲ အရမ်းဂျီးများတာ 🥺 ကိုယ့် skin tone က အရမ်းဖြူတော့ တစ်ချို့ foundation တွေဆို လိမ်းလိုက်မှ ညိုညစ်ညစ်ကြီးဖြစ်သွားတယ်ခံစားရလို့ ပုံမှန် အပြင်သွား ဘာသွားဆို sunscreen နဲ့ ပါးနီလေးပဲလိမ်းတာ Photoshoot တို့ ပွဲသွားတို့လောက်မှ foundation လိမ်းဖြစ်တာ...


သူ့ကို ကြိုက်ရတဲ့ အချက်လေးတွေ honest review လေးပြောပြမယ်နော်😍
အကြိုက်ဆုံးအချက်က လိမ်းထားမှန်း အရမ်း မသိသာပဲ ကြာလေ makeup သားတက်လာပြီး ပြောင်ပြောင်လေးနဲ့ glow တာပဲ🤫 သူ့လိမ်းထားပြီး Noe ကို ဘာ foundation သုံးထားတာလဲဆိုပြီး မေးတာ တစ်ယောက်နှစ်ယောက်မကဘူး🤔😍
Sensitive skin မို့ တည့်ပါ့မလား စိတ်ပူနေတာ အခုဆို အတည့်လွန်လွန်းလို့ ပစ္စည်းအကုန်မြန်လို့ ကြိုဝယ်ထားတယ်။ သူက one color ပဲထွက်တာ but Noe လို ဖြူတဲ့သူရော အိမ်ကအမေကနည်းနည်းညိုတယ် သူလိမ်းတာလဲ အဆင်ပြေတယ် ပြာသွားတာမျိုးမရှိဘူး။


ပြီးတော့ coverage လဲ တော်တော်ကောင်းတယ် မိတ်ကပ်သားမထူပဲ medium to full coverage လောက်ပေးနိုင်လို့ concealer တောင်မလိုဘူး။
Oil free ဖြစ်တော့ Noe တစ်နေကုန် လိမ်းထားရင်တောင် တော်ရုံမပျက်ဘူး အရမ်းခံ🤩


SPF 50PA+++ လဲပါတဲ့အပြင် primer ပါ ပါတော့ trip သွားရင်သူ့တစ်ခုထဲသယ်သွားရင်တောင် ရတယ်
ဘူးလေးကလဲ ချစ်ဖို့ကောင်းသလိုသေးသေးလေးဆိုတော့ နေရာမစားဘူး အလွယ်တကူသယ်သွားလို့ရ😍 သေးသေးလိုဆိုပြီး အထင်မသေးနဲ့နော် ၃-၄လလောက်အေးဆေးသုံးလို့ရတယ်..

Noe သုံးနေကျ High end foundation တွေနဲ့ ယှဉ်လို့ရတဲ့အပြင် price range အရ ကြည့်မယ်ဆိုရင် မတရား တန်ပြီး အရမ်းလိမ်းလို့အဆင်ပြေတာမို့ ဝယ်ပြီးရင်နောင်တ မရစေရဘူးဆိုတာ ရဲရဲကြီးအာမခံတယ်😍😌🤫
မှာယူချင်တယ်ဆိုရင် Noe အခု mention ထားတဲ့ page မှာ ရော Noeဆီမှာပါ မှာလို့ရပါတယ်ရှင့်😍

Link to original Facebook post here 🌟
Link to product here

Share this post



← Older Post Newer Post →